လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၉) ရက်နေ့၌ လေဘေးဖြစ်ပွားခဲ့သော တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇဟားကျေးရွာအုပ်စု၊ ဇဟားအနောက်ကျေးရွာတွင် အမိုးလန် နေအိမ် (၁) လုုံး အမိုးလန်ပျက်စီးခဲ့၍ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်အား (၈-၅-၂၀၁၉) ရက်နေ့တွင် လေဘေးသင့်မိသားစုထံ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_sgw
#bgo_may2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)