လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာအုပ်စု၊ သုံးမွှာတာချောင်းကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၆၂) အိမ်ထောင်စု (၆၂) စု၊ လူဦးရေ (၃၆၄) ဦးအတွက် ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ စေတနာရှင်ပြည်သူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တိုု့နှင့်အတူ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလံ (၅၄၅၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေခဲ့ပါသည်။ ထို့ပြင် မြိုင်မြို့နယ်၊ ပေပင်တိုက်ကျေးရွာအုပ်စု၊ ကုန်းရွာကျေးရွာတွင် သောက်သုံးရေရှားပါမှုကြောင့် ကျေးရွာနေပြည်သူ အိမ်ခြေ (၁၄၄) အိမ်၊ အိမ်ထောင်စု (၁၄၄) စု၊ လူဦးရေ (၈၇၀) ဦး သောက်သုံးရေအခက်အခဲကြုံတွေ့နေမှုအား ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ စေတနာရှင်ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလံ (၃၆၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေခဲ့ပြီး (၇-၅-၂၀၁၉) ရက်နေ့အတွက် ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ သောက်သုံးရေဖြန့်ဝေမှုမှာ သောက်သုံးရေဂါလံပေါင်း (၁၂၆၅၀) ဂါလံ ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။
#ha_drg
#mgy_may2019
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)