လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၉) ရက်နေ့၌ လေဘေးဖြစ်ပွားခဲ့သော သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဆင်နင်းပင်ကျေးရွာအုပ်စု၊ ကျေးရွာ (၃) ရွာတို့တွင် အမိုးလန်နေအိမ် (၃) လုုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၀၀၀/-) ကျပ်၊ (၄-၅-၂၀၁၉) ရက်နေ့၌ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာ (၂) ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၁) လုံးနှင့် အမိုးလန် နေအိမ် (၅) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၉၂၅၀၀/-) ကျပ်၊ ပြိုလဲ အိမ်ထောင်စု (၁) စုရှိ လူဦးရေ (၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၀၅၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၀၃၀၀၀/-) ကျပ်နှင့် ပြိုလဲအိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (ပလပ်စတစ်ပုံးအပါ) (၁) အိမ်ထောင်စာနှင့် (၅-၅-၂၀၁၉) ရက်နေ့၌ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကျေးရွာအုပ်စု  (၇) စု၊ ကျေးရွာ (၁၃) ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၁) လုံးနှင့် အမိုးလန်နေအိမ် (၆၆) လုုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၈၆၅၀၀) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၁) စုရှိ လူဦးရေ (၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၄၂၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၀၉၀၇၀၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၆) မျိုး (ပလပ်စတစ်ပုံးအပါ) (၁) အိမ်ထောင်စာတို့အား (၇-၅-၂၀၁၉) ရက်နေ့ (၁၈းဝ၀) နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြိီး ဒေါ်နော်ပွယ်စေး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#bgo_may2019

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events