လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့တွင် လေဘေးဖြစ်ပွားခဲ့သော သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ကျေးရွာ အုပ်စု (၆) စုတွင် ပြိုလဲနေအိမ် (၁) လုံးနှင့် အမိုးလန်နေအိမ် (၃၇) လုုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၅၉၀၀၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၁) စုရှိ လူဦးရေ (၆) ဦးတို့ အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၂၆၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၆၇၁၆၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (ပလပ်စတစ်ပုံးအပါ) (၁) အိမ်ထောင်စာနှင့် (၅-၅-၂၀၁၉) ရက်နေ့၌ သာယာဝတီခရိုင်၊ဇီးကုန်းမြို့နယ်၊ ကျေးရွာအုပ်စု (၃) စုတွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၂) လုံး၊ အမိုးလန်နေအိမ် (၂၃) လုုံးနှင့် ဘာသာရေးကျောင်း (၁) ကျောင်းအတွက် အိမ်/ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၆၉၀၀၀/-) ကျပ်၊ ပြိုလဲ အိမ်ထောင်စု (၂) စုရှိ လူဦးရေ (၁၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၂၁၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၇၉၀၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (ပလပ် စတစ်ပုံးအပါ) (၂) အိမ်ထောင်စာ၊ စုစုပေါင်းထောက်ပံ့ငွေပေါင်း (၁၁၅၀၆၀၀/-) ကျပ်အား (၇-၅-၂၀၁၉) ရက်နေ့တွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ လက်ပံတန်းမြို့နယ် လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_may2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)