လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ် ၊ ကျေးရွာအုပ်စု(၁)ခု၊ ကျေးရွာ(၅)ရွာတွင် (၃-၅-၂၀၁၉) ရက်နေ့၌တိုက်ခတ်ခဲ့သော လေဘေးမှ အမိုးလန်/တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၅၀,၀၀၀)ကျပ်၊ မေလ(၅)ရက်နေ့တွင် ဒိုက်ဦးမြို့နယ်၊ ကျေးရွာအုပ်စု(၃)ခု၌ တိုက်ခတ်ခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၇)လုံး၊ အမိုးလန်/တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၅၈)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် သီလရှင်ကျောင်း(၁)ကျောင်း၊ ပြိုလဲနေအိမ်များမှ လူဦးရေ(၂၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃,၂၃၉,၆၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၇)အိမ်ထောင်စာ၊ စုစုပေါင်းထောက်ပံ့ငွေ(၃,၅၈၉,၆၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၇)အိမ်ထောင်စာတို့အား (၅-၅-၂၀၁၉) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#bgo_may2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)