လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့တွင် လေဘေးဖြစ်ပွားခဲ့သော ဘောလခဲမြို့နယ်၊ ကယားပိုင်းရပ်ကွက်တွင် နေအိမ် (၁) လုံး အမိုးလန်ခဲ့ရာ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၆ဝဝဝဝိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၂၆ဝဝိ/-) ကျပ် ၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၇၂၆ဝဝိ/-) ကျပ်ကို (၇-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#kyh_may2019
Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)