
(၆-၅-၂၀၁၉) ရက်နေ့ (၁၄၅၀)တွင် လေပြင်းတိုက်ခတ်မှုကြောင့် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စု၊ ရွှေဂွန်းကျေးရွာတွင် အိမ်ခြေ (၆) လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၆) စု ၊ လူဦးရေ (၃၅) ဦး ဘေးသင့်ခဲ့ရာ (၇-၅-၂၀၁၉) ရက်နေ့တွင် အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးစီနှင့် အိမ်ခြေ (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၅၈,၀၀၀) ကျပ်နှင့် လူဦးရေ (၃၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၇၃,၅၀၀) ကျပ်၊ စုစုပေါင်း (၆၃၁,၅၀၀)ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#krn_may2019
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)