လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့တွင် လေဘေးဖြစ်ပွားခဲ့သော အင်္ဂပူမြို့နယ်၊ ဝက်လဟာအုပ်စု၊ လူတော်စုအုပ်စု၊ အိုးကွဲအုပ်စု၊ ပတုပ်အုပ်စု၊ နောက်မီးအုပ်စုတို့တွင် အမိိုးလန်ပျက်စီးသွားသောဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ရန်ပုံငွေ (၅၀၀၀၀/-) ကျပ်ကိုလည်းကောင်း၊ လုံးဝပျက်စီးခဲ့သောအိမ်ခြေ (၃၁) လုံးနှင့် အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ (၁၆၇) လုံး စုစုပေါင်းအိမ်ခြေ (၁၉၈) လုံး ၄င်းအိမ်ထာင်စု (၁၉၈) စုရှိ လူဦးရေ (၇၄၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၃၁) အိမ်ထောင်စုစာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၂၆၆၅၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၅၅၆၁၀၀) ကျပ်ကိုလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၄၂၂၁၁၀၀) ကျပ်တို့ကို (၇-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

#ha_sgw
#ayy_may2019

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events