သောက်သုံးရေဖြန့်ဝေမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ဇေယျာသီရိမြို့နယ်၊ နန်းဩကျေးရွာအုပ်စု၊ ဥယျဉ်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၂၅) အိမ်၊ လူဦးရေ (၅၀၄) ဦးအတွက် သောက်သုံးရေဂါလံ (၁၂၀၀) ၊ ဒိုးပင်ခုံကျေးရွာရှ်ိ ကျေးရွာနေပြည်သူ အိမ် ခြေ (၃၀၃) အိမ်၊ လူဦးရေ (၁၁၅၀) ဦးအတွက် သောက်သုံးရေဂါလံ (၁၆၀၀) ၊ သိုက်ချောင်းကျေးရွာရှိ အိမ်ခြေ (၃၂၉) အိမ်၊ လူဦးရေ (၁၁၄၈) ဦးအတွက် သောက်သုံးရေဂါလံ (၁၂၀၀)၊ ရေဆင်းကျေးရွာအုပ်စု၊ သစ်စက်ကျေးရွာရှိ အိမ်ခြေ (၈၈) အိမ် လူဦးရေ (၅၀၀) ဦးအတွက် သောက်သုံးရေဂါလံ (၁၂၀၀) ၊ စုစုပေါင်း ရေဂါလံ (၅၂၀၀) အား ပြည်သူများစီအရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

#ha_drg
#npt_may2019

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events