သောက်သုံးရေလှူဒါန်းမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများနှင့် ပူးပေါင်း၍ (၃၀-၄-၂၀၁၉) ရက်နေ့ တွင် ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျးရွာအုပ်စု၊ မာခရော်ရှေ့ကျေးရွာ၊ ဒေါတထောကျေးရွာ၊ ဒေါသဲကျေးရွာ၊ ခိုးရာခူကျေးရွာများသို့ ဂါလံ (၁၀၀၀) ဆံ့ ရေသယ်ယာဉ် (၄) စီး၊ ဒိုးပရယ် ကျေးရွာအုပ်စု၊ လျားဒူကျေးရွာ၊ ဘီဆိုကျေးရွာ၊ ထီးလျားဆိုကျေးရွာ၊ ကေးလျား ကျေးရွာအုပ်စု၊ ထီးသဲကူးကျေးရွာများသို့ ဂါလံ (၁၂၅၀) ဆံ့ ရေသယ်ယာဉ် (၄) စီး၊ လွိုင်ကော်မြို့နယ်၊ ပိန်းချစ်ကျေးရွာအုပ်စု၊ ကျောက်ကြီးမြောက်ကျေးရွာသို့ ဂါလံ (၁၆၀၀) ဆံ့ ရေသယ်ယာဉ် (၁) စီး၊ စုစုပေါင်းရေသယ်ယာဉ် (၉) စီးနှင့် (၁-၅-၂၀၁၉) ရက်နေ့တွင် ဒီမော့ဆိုမြို့နယ်၊ လိုပူကျေးရွာအုပ်စု၊ ဒေါဆီးအီကျေးရွာ၊ မြလဲကျေးရွာအုပ်စု၊ စီစန်းခို ကျေးရွာများသို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ် (၂) စီး၊ ဖရူဆိုမြို့နယ်၊ မာခရော် ရှေ့ကျေးရွာအုပ်စု၊ ထားလဲကျေးရွာနှင့် ပရယ်တော်ကျေးရွာများသို့ ဂါလံ (၁၀၀၀) ဆံ့ ရေသယ်ယာဉ် (၂) စီး၊ မြို့မကျေးရွာအုပ်စု၊ လောခုခူကျေးရွာ၊ ကေးလျားကျေးရွာအုပ်စု၊ လောပလျားလဲကျေးရွာများသို့ ဂါလံ (၁၂၅၀) ဆံ့ရေသယ်ယာဉ် (၂) စီး၊ စုစုပေါင်း ရေသယ်ယာဉ် (၆) စီးသွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_drg

#kyh_may2019

Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events