မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးပြုလုပ်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ (၂-၅-၂၀၁၉) ရက်နေ့၊ (၀၉းဝ၀) နာရီအချိန်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မီဒီယာများ၊ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များ၊ INGOs & NGOs ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနေပြည်သူများ အင်အား (၆၅) ဦးခန့် တက်ရောက် ခဲ့ကြပြီး ပခုက္ကူခရိုင်အတွင်းရှိသောက်သုံးရေရှားပါးမှုနှင့် အပူချိန်လွန်ကဲ လာမှုပြဿနာများ အား (ရေတို/ရေရှည်) ဖြေရှင်းခြင်း၊ လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအား (ရေတို/ရေရှည်) ဖြေရှင်းခြင်း နည်းလမ်းများအား ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့ကြပါသည်။

#mgy_may2019

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events