သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စေတနာလူမှု ကူညီရေးအသင်းနှင့် ပူးပေါင်း၍ ပခုက္ကူမြို့နယ်၊ ကူကျွန်းကျေးရွာ၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊  လက်ကမ်းစာစောင်များဝေငှခြင်း၊ အသိပညာပေးဗွီဒီယိုခွေပေးအပ်ခြင်းနှင့် တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ (၁၄၅) ဦးကျော်ခန့်တက်ရောက်ခဲ့ပါသည်။

#ar

#mgy_may2019

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events