မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

2_Pic_01
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၅-၂၀၁၉)ရက်နေ့၌ မိုးမောက်မြို့နယ်၊ (၁၇)မိုင်၊ ဂွယ်ကထောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ (၅) ဦးတို့အား စက္ကူပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ဆောက်တန်ဖိုးငွေ(၁၀၀,၀၀၀)ကျပ်နှင့် ဆန်ဖိုးငွေ (၁၀,၅၀၀)ကျပ်၊စုစုပေါင်း (၁၁၀,၅၀၀)ကျပ်တို့ကို (၂-၅-၂၀၁၉)ရက်နေ့ ညနေ (၃:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#ha_fir
#kcn_may2019

Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events