မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှတာဝန်ရှိသူများသည် ( ၂၈-၄- ၂၀၁၉) ရက်နေ့၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်၊ ရေဖြူမြို့နယ်၊ နတ်တွင်းကျေးရွာတွင် နေအိမ်မီးဖိုးခန်းရှိ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၁)လုံးပျက်ဆီးခဲ့ရာ အဆိုပါမီးဘေးသင့် အိမ် (၁) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၇) မျိုး အိမ်ထောင်စု(၁)စုစာ၊ ဆန်ရိက္ခာဖိုး (၁၀၅၀၀-/) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀-/) ကျပ်အား ( ၂-၅-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_fir
#tny_may2019Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး (ဘစမ)

Sign Up

Upcoming Events