လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၁၉) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ စပါးသင်းကျေးရွာအုပ်စု၊ စပါးသင်းကျေးရွာအနောက်ပိုင်းမှ အိမ်ထောင်စု (၁၀၀) အား သောက်သုံးရေဂါလံ (၁၆၀၀) ကိုလည်းကောင်း၊ တောရွာကျေးရွာအုပ်စု၊ တောရွာကျေးရွာရှိ အိမ်ထောင်စု (၂၁၀) စု၊ လူဦးရေ (၉၃၈) ဦးတို့အား သောက်သုံးရေရေဂါလံ (၂၅၀၀) ကိုလည်းကောင်း ကျေးရွာပြည်သူများထံသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw
#mgy_may2019
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး