
=======================================================
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
=======================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၉) ရက်နေ့၊ နံနက်(၈း၀၀) မှ (၁၀း၃၀) အချိန်ထိ ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၌ သောက်သုံးရေ အခက်ခဲဖြစ်ပေါ်လျက်ရှိသည့် အိမ်ခြေ (၁၂၅) လုံး၊ လူဦးရေ (၅၀၄) ဦးအတွက် သောက်သုံးရေဂါလံ(၁၆၀၀)၊ ပုဗ္ဗသီရိတပ်နယ်မှလှူဒါန်းသည့် ရေဂါလံ(၁၆၀၀)၊ စုစုပေါင်းသောက်သုံးရေဂါလံ(၃၂၀၀)အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။