========================================================
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
========================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စု ကျွဲထိန်းကွင်းကျေးရွာ၌ (၂၅-၄-၂၀၁၉) ရက်နေ့တွင် မိုးသက်လေပြင်းကြောင့် ပြိုကျပျက်စီးခဲ့သော အိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁) သိန်း၊ ဘေးသင့်လူဦးရေ (၇) ဦးအတွက် ဆန်ဘိုး (၁၄၇၀၀) ကျပ်အား (၂၇-၄-၂၀၁၉) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။