
======================================================
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
======================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျွန်းစုမြို့နယ် မိုင်းတွေးကျေးရွာ၌ (၂၂-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂) သိန်း၊ အမိုးလန်ပျက်စီးခဲ့သော ဘုန်းကြီးကျောင်း (၁) ဆောင်နှင့် အိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅) သိန်း၊ ဘေးသင့်လူဦးရေ (၈) ဦးအတွက် ဆန်ဘိုး (၁၆၈၀၀) ကျပ်အား (၂၆-၄-၂၀၁၉) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။