
======================================================
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
======================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၉) ရက်နေ့တွင် မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာ၊ ရွှေမြစန္ဒီမြို့သစ်၌ သောက်သုံးရေပြတ်လပ်လျက်ရှိသော အိမ်ခြေ(၈၀)လုံး၊ အိမ်ထောင်စု (၈၃)စု၊ လူဦးရေ(၁၂၅)ဦးခန့်အတွက် သောက်သုံးရေ (၃၀၀၀) ဂါလံအား လည်းကောင်း၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရေပူကျေးရွာ၊ ဘုရားကုန်းပိုင်းရှိအိမ်ခြေ(၅၀)လုံး၊ အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၈၅)ဦးအတွက် သောက်သုံးရေဂါလန်(၃၀၀၀)အားလည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။