
=======================================================
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
=======================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအုပ်စု၊ ကျသောင်းတောင်ကျေးရွာအုပ်စု၊ ဝက္ကမူကျေးရွာအုပ်စု၊ ဝင်ထဲကူကျေးရွာအုပ်စု၊ ကန်သာကျေးရွာအုပ်စုနှင့် သက်ကယ်ချင်းကျေးရွာအုပ်စုတို့၌ (၂၂-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီး/အမိုးလန်ခဲ့သည့် လူနေအိမ် စုစုပေါင်း(၆၃) အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၃၈၀၀၀၀ိ/-)၊ လူဦးရေ(၃၀၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ(၆၄၄၇၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ(၃၀၂၄၇၀၀ိ/-)နှင့် အိမ်ထောင်စု (၆၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးတို့အား (၂၆-၄-၂၀၁၉) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် လယ်ဝေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။