
======================================================
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
======================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၉) ရက်နေ့တွင် သောက်ရေရှားပါးမှုဖြစ်ပေါ်နေသည့် ဖျာပုံမြို့နယ်၊ ကနိကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာသို့ သောက်ရေသန့် (၂၀) လီတာဝင်ဘူး (၃၀၀) ကို သွားရောက်လှူဒါန်းခဲ့ပြီးနောက် အဆိုပါကျေးရွာရှိ အိမ်ထောင်စု (၁၅၂) စုမှ လူဦးရေ (၅၀၀) ကျော်ခန့် အသုံးပြုလျက်ရှိသော ရေကန်မှာ ရာသီဥတုပူပြင်းမှုကြောင့် ခမ်းခြောက်ပျက်စီးလျက်ရှိရာ အဆိုပါရေကန်၏အခြေအနေကိုလည်း ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။