
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)မှတာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ သင်္ဃန်းကြီးကျေးရွာတွင်(၂၅-၄-၂၀၁၉)ရက်နေ့ (၁၀း၀၀)အချိန်၌ ကျေးရွာနေ ပြည်သူ(၇၀) ဦးတို့ကိုလည်းကောင်း၊ သပြုကုန်းကျေးရွာ အုပ်စု၊ သပြုကုန်းကျေးရွာ၌(၂၅-၄-၂၀၁၉) ရက်နေ့(၁၃:၃၀) အချိန်တွင် ကျေးရွာနေပြည်သူ (၁၀၀)တို့ကို လည်း ကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင် များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
#ar
#ayy_apr2019
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)