လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၉) ရက်နေ့ (၈းဝဝ) မှ (၉းဝဝ) အချိန်ထိ ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာအုပ်စု၊ ရေအိုး စဉ်ကျေးရွာတွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိသည့် အိမ်ခြေ(၃၅)အိမ်၊ လူဦးရေ(၁၇၀) ဦးအတွက် သောက်သုံးရေဂါလံ( ၁၆၀၀ ) အား သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_drg
#npw_apr2019Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)