ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၅-၄-၂၀၁၉)ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ကချင်စု၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ခြေ/အိမ်ထောင်စု (၁)စု မှ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာတန်ဖိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁၁၀,၅၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၁)အိမ်ထောင်စုစာတို့ကို (၂၅-၄-၂၀၁၉)ရက်နေ့တွင် ဆင်ဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှတဆင့် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events