မုံရွာမြို့နယ်တွင် (၂၂-၄-၂၀၁၆) ရက်မှ (၂၅-၄-၂၀၁၆) ရက်အတွင်း၌ လေပြင်းတိုက်ခတ်ခြင်းကြောင့် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပ့ံပေးမှုအခြေအနေသတင်း

2

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ ညောင်ပင်၊ ရွာတုံ၊ သစ်ဆိပ်၊ ဘူးတောင်းကန်၊ ရွှေတစ်လုပ်တို့တွင် (၂၂-၄-၂၀၁၆) ရက်မှ (၂၅-၄-၂၀၁၆) ရက်အတွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂၁) လုံးပျက်စီးဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု (၆၅) စု ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုဝန်ကြီး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး (၂) ဦးတို့နှင့်အတူ အိမ်ထောင်စု (၆၅) စုအတွက် တန်ဖိုးငွေ (၁၄၃၄၂၉၀ိ/-) ရှိ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဘိုး (၄၂၀၀၀၀) တို့အား (၂၈-၄-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

Sign Up

Upcoming Events