လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း

8_Pic_01 8_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာ အုပ်စုနှင့် ဇီးပင်ကျေးရွာ အုပ်စုများတွင် လေပြင်းဘေးကြိုတင်ကာကွယ် ရန်အတွက်နေအိမ်များကို အားဖြည့်ပြင်ဆင်ခြင်း၊ ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ရာ (၉-၄-၂၀၁၉) ရက်နေ့၌ ညောင်ဝိုင်းကျေးရွာ အုပ်စု၊ ကျားကျွန်းကျေးရွာ တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မေတ္တာ ပေါင်းကူး ပရဟိတအသင်းအဖွဲ့နှင့်သွားရောက်ပြီး လေဘေးကြိုတင်ကာကွယ်ရေး အိုးအိမ်ပြုပြင်မှုလုပ်ငန်းများကို စတင်ကွင်းဆင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar_sgw
#bgo_apr2019
Source: ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events