(၂၇.၄.၂၀၁၆ ) ရက်နေ့ တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်သရက်မြို့နယ်၊ကိုးပင်ကျေးရွာတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ရာလူဦးရေ (၁၁၀) တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။