မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

26 Pic 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ပန်ခန်းကျေးရွာအုပ်စု၊ နောင်မွန်းကျေးရွာ၌ (၂၀-၃-၂၀၁၉) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာတို့အား (၂၆-၃-၂၀၁၉) ရက်နေ့တွင် မံစီမြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၌ ထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါသည်။ # ha_fir # kcn_mar2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events