လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၁၉) ရက်နေ့တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဆီနော် (၂) ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂,၁၀၀ိ/-)နှင့် စုစုပေါင်းထောက်ပံ့ငွေ (၂၀၂,၁၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စုစာတို့အား (၂၆-၃-၂၀၁၉) ရက်နေ့တွင် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ပေးပို့ထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါသည်။ # ha_fir #shn_mar2019 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)