လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

24 Pic 01 24 Pic 02
=================================================
Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ရွှေကူမြို့နယ်၊ သပြေလှကျေးရွာ၌ (၁၈-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၇) လုံးအတွက် ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့်အညီ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀၀) ကျပ်နှင့် ဘေးသင့်လူဦးရေ (၃၅) ဦးအတွက် တစ်ဦးလျှင် (၂၁၀၀) ကျပ်နှုန်းဖြင့် (၇၃၅၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၇) အိမ်ထောင်စာတို့အား (၂၄-၃-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် ရွှေကူမြို့နယ်၊ သပြေလှကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events