
=================================================
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၌ (၂၁-၃-၂၀၁၉) မှ (၂၃-၃-၂၀၁၉) ထိ ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအား (၂၃-၃-၂၀၁၉) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူး (ဘေး/စီမံ)က သင်တန်းသူ/သားများအား အမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။