(၁၈-၃-၂၀၁၉) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ချောင်းကြီးရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်အိမ်ခြေ (၆) လုံးအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၆)မျိုး (၆)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၆)သိန်း၊ မီးတား ကြိုတင်ဖျက်သိမ်းအိမ် (၇)လုံးအတွက်ထောက်ပံ့ငွေ(၇)သိန်း၊ ဘေးသင့်လူဦးရေ (၃၁)ဦးအတွက် ဆန်ဘိုး(၆၅,၁၀၀) စုစု ပေါင်းရန်ပုံငွေ (၁,၃၆၅,၁၀၀) ကျပ်တို့အား (၂၀-၃-၂၀၁၉) ရက်နေ့ (၁၁:၀၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါသည်။
#ha_fir
#tny_mar2019
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)