လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ဝက်သေအုပ်စု၊ အေးစေတီကျေးရွာတွင်(၂၀-၃-၂၀၁၉)နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သော အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၁၁)ဦးတို့အတွက် (၆၄,၇၀၆)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၂)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၂၃,၁၀၀)ကျပ်ကိုလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ ရန်ပုံငွေ (၄၂၃,၁၀၀) ကျပ်၊ care myanmar ပိုက်ဖျာ(၂) ချပ် တို့ကို (၂၁-၃-၂၀၁၉)ရက်နေ့တွင် အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
#ha_fir
#ayy_mar2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)