လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၉) ရက်နေ့တွင် ပေါက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ပေါက်မြို့နယ်အတွင်းရှိကျေးရွာများတွင် လေဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ပေါက်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၃၅) ဦးခန့် တက်ရောက်ခဲ့ပါ ကြောင်းသိရှိရပါသည်။ #ar #mgy_mar 2019 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)