လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ဒေါပဲ့ကျေးရွာ၌ (၁၅-၃-၂၀၁၉)ရက်နေ့(၁၄း၀၀)နာရီအချိန်တွင် ရပ်ရွာပြည်သူ(၈၀)ဦးတို့ကိုလည်းကောင်း၊ (၁၅း၀၀)နာရီအချိန်တွင် ဝါဘန်းပလို့ေ်ကျးရွာအုပ်စု၊ ဝါဘန်းပလိုကျေးရွာတွင် ရပ်ရွာပြည်သူ(၈၀)ဦးတို့ကို သဘာဝဘေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး၊ တက်ရောက်လာသူများကို အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#kyh_mar2019