လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကန်ပက်လက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄ – ၃ – ၂၀၁၉) ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၊ အုတ်ဖိုကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန် အချက်များ၊ ဘေးမဖြစ်ပွားမှီ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ/ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဘေးဖြစ်ပွားနေစဉ် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဘေးဖြစ်ပွားပြီးနောက်ဆောင်ရွက်ရမည့်နည်းလမ်းများကို ကျေးရွာနေပြည်သူ စုစုပေါင်း (၄၇) ဦး အား ဟောပြောပို့ချခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #chn_mar 2019 Source: ကန်ပက်လက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)