လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း (လူငယ်)ဆင့်ပွားသင်တန်းအား ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး၌ဖွင့်လှစ်ခဲ့ရာ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၃-၃-၂၀၁၉) ရက်နေ့မှ (၁၅-၃-၂၀၁၉) ရက်နေ့အထိ (၃) ရက်တာ ဖွင့်လှစ်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #rke_mar 2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)