

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂ – ၃ – ၂၀၁၉) ရက်နေ့တွင် စစ်တွေမြို့နယ်၊ ဘုမေကျေးရွာအုပ်စု၊ ဒါးပိုင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၇) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၇) ပုံး၊ (တန်ဖိုး-၂၈၂၄၇၁ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁) အိမ်လျှင် (၁၀၀,၀၀၀ိ/-) နှုန်းဖြင့် (၇၀၀,၀၀၀ိ/-)၊ လူဦးရေ (၄၇) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၉၈,၇၀၀ိ/-)၊ စုစုပေါင်းထောက်ပံငွေ(၇,၉၈,၇၀၀ိ/-)အား (၁၃-၃-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir #rke_mar 2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)