လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ရုံးမှတာဝန်ရှိသူများနှင့် ADB တို့ပူးပေါင်း၍ ပုသိမ်မြို့၊ စွမ်းဟိုတယ်၌ (၂၇-၂-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုစီမံချက်ပြင်ဆင်ရေးဆွဲရန် ဒုတိယအကြိမ်အလုပ်အမှုဆောင်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြား၍ Government of Canada မှ Officer Angela Marie Tilk ကနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးကာကွယ်ရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ INGO/NGO အဖွဲ့များ စုစုပေါင်လူဦးရေ (၅၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#sgg_feb2019
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)