ဖေဖော်ဝါရီ ၁၄၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နော်ဝေနိုင်ငံက ၂၀၁၉ ခုနှစ်အတွက် Mine Ban Treaty ဥက္ကဌအဖြစ် ဆောင်ရွက်မည်ဖြစ်ရာမိုင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော မိုင်းအန္တရာယ် အသိပေးဆိုင်ရာလုပ်ငန်းများ၊ မိုင်းဒဏ်ခံစားခဲ့ရသူများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေး နေမှုအခြေအနေများ၊ မတ်လ (၅) ရက်နေ့တွင်ကျင်းပမည့် Mine Treaty နှင့်ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ အကြောင်းအရာများ၊ Mine Ban Treaty တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုး ရန်ဖြစ်နိုင် ခြေနှင့်ဆက်လက်၍ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု လက်ရှိအချိန်ထိအခြေအနေများ၊ အာဆီယံ နိုင်ငံများ AHA Centre တို့နှင့်ပူးပေါင်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းအဖွဲ့ချုပ်၏ အလုပ် အမှုဆောင်အဖွဲ့ ဝင်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် နေ့စဉ်လှုပ်ရှားသွားလာမှုများအတွက် ဝန်ကြီးဌာနနှင့် မသန်စွမ်းသူများအသင်းချုပ်တို့ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ မသန်စွမ်းသူများဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ချမှတ်ပြီးနောက် သက်ဆိုင်ရာကော်မတီ၊ လုပ်ငန်းကော်မတီများဖြင့် ဖွဲ့စည်းဆောင်ရွက်ပြီး ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ပြည်ထောင်စု အဆင့်တွင်သာမကတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင်ပါ မသန်စွမ်း သူများဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ မသန်စွမ်းသူများအားထောက်ပံ့ခြင်း၊ အမျိုးအစားခွဲခြား၍့ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခြင်း၊မှတ်ပုံတင်ခြင်းကိစ္စများနှင့်စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ Open Society Foundation အဖွဲ့မှကိုယ်စားလှယ်များနှင့်တွေ့ဆုံရာတွင် ရှေးဦးကလေးသူငယ်ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ (၁) လသင်တန်းမှ (၃) လသင်တန်းသို့ ဖွင့်လှစ်နိုင်ရေး သင်ရိုးညွှန်းတမ်းရေးဆွဲရေးဆောင်ရွက်ရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အဆိုပါ သင်တန်းနှင့် ရှေးဦးကလေးသူငယ်စောင့်ရှောက်မှု ဆိုင်ရာဒီပလိုမာသင်တန်းတို့ အကြားချိတ်ဆက် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မသန်စွမ်းသူများအတွက် လူတိုင်းအကျုံးဝင် ပညာရေးစနစ် ဖြစ်ပေါ်လာ ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ မသန်စွမ်းသူများအတွက် လက်သင်္ကေတ စနစ်အား စံစနစ် (၁) ခုအဖြစ် သတ်မှတ်နိုင်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေ၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပညာသင်ဆုများပေးအပ်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ယမန်နေ့ နံနက်ပိုင်းကလည်း တိုက်ပွဲရှောင်ဒေသများတွင် သောက်သုံးရေနှင့် ယင်လုံအိမ်သာများ အသုံးပြုရန်အတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အလှူရှင်များဖြစ်ကြသော မြတ်မေတ္တာမွန် ကုမ္ပဏီမှ ဒေါက်တာဝင်းမြင့်နှင့်ဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ခိုင်ခိုင်ဦး မိသားစုက အလှူငွေ ကျပ်သိန်း (၃၀၀) ကို လာရောက်ပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက တိုက်ပွဲရှောင်ဒေသများတွင် သောက်သုံးရေနှင့် ယင်လုံအိမ်သာ လုပ်ငန်း များအသုံးပြုရန် လာရောက်လှူဒါန်းမှုကို ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ လှူဒါန်းငွေများကိုလည်း တိုက်ပွဲရှောင်ဒေသများတွင် အလှူရှင်များ၏ သဒ္ဓါစိတ်အတိုင်း ဆောင်ရွက်အသုံးပြုသွားဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: MSWRR
#hl1
#npw_feb2019