
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ ရန်နိုင်ရပ်ကွက်၌ (၁၄-၂-၂၀၁၉) ရက်နေ့၊ (၁၁း၀၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၄၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၆,၆၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၂၉၆,၆၀၀/-) ကျပ်တို့အား နေပြည်တော်ကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများနှင့်အတူ (၁၄-၂-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
#ha_fir
#npw_feb2019