လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား သံအမတ်ကြီးများမှ လာရောက်တွေ့ဆုံမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဧပြီလ ၂၂ ရက်နေ့၊ နေ့လည် (၁၃:ဝ၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံလုံးဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Hong Liang ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သဘာဝဘေးဆိုင်ရာ ကူညီကယ်ဆယ်ရေးကိစ္စရပ်များ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝဘေးကြိုတင်ကာကွယ် ရေးတွင် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးရေးကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါ သည်။

အလားတူ ညနေ (၁၆:ဝ၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E Mr. Daniel Zonshine မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည့် ရှေးဦးအရွယ်ကလေးသူငယ် စောင့်ရှောက်ရေးကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာသင်တန်းများ ပံ့ပိုးပေးခြင်းကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အရေးပေါ်အ‌​ခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) တွင်လိုအပ်နေသော နည်းပညာပိုင်းဆိုင်ရာများ ကူညီပံ့ပိုးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events