လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်လုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့နှင့်အတူ (၄-၁၂-၂၀၁၈) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ တင်ပုလွှဲကျေးရွာအုပ်စု၊ ဓမင်းဆိပ် Shelter နောက်ကျောဘက်ရှိ သောက်သုံး ရေကန်ဘောင်များအား ကျေးရွာကော်မတီအဖွဲ့ဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းတစ်ဝက်ပြီးဆုံးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်းကို လိုက်ပါဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#otr
#ayy_dec2018