မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

4 Pic_01 4 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လဟယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့၊ ကပလံဒေဝေါကျေးရွာ၌ (၂၈-၁၁-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိပ်ခြေ (၁၅) လုံး၊ အိမ်ထောင်စု (၁၅) စုမှ လူဦးရေ  (၉၉) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၅၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၀၇,၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၇၀၇,၉၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁၅) စုစာအား (၃၀-၁၁-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         လဟယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#sgg_dec2018

Sign Up

Upcoming Events