လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (အောက်ပိုင်း) ၌ (၄-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၁ဝး၀၀) နာရီအချိန်တွင် သဘာဝဘေး အသိပညာပေးဟောပြောခြင်းနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါအခမ်းအနား၌ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ ဆရာမများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်း (၃၅၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#simex_eqk
#ayy_dec2018