သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် သောက်သုံး‌ရေကန်‌ပြင်ဆင်‌‌နေမှုအ‌ခြေအ‌နေအား ကြည်‌့ရှုစစ်‌‌ဆေးမှုသတင်း

30_Pic_01 30_Pic_02 30_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်အ‌ခြေခံပညာဦးစီးဌာန၊ မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌‌ရေးဦးစီးဌာနတို့နှင်‌့ ပူး‌ပေါင်‌း၍ နိုဝင်ဘာလ (၂၉)ရက်‌‌နေ့ (၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီအထိ ဖျာပုံမြို့နယ်၊ တင်ပုလွှဲကျေးရွာ အုပ်စု၊ တင်ပုလွှဲ အ.လ.က‌ကျောင်‌း တွင် သဘာဝ‌ဘေး‌လျော့ပါး‌ရေး အသိ ပညာ‌ပေး‌ဟော‌ပြော ပွဲကျင်‌းပခဲ့ရာ ဆရာဆရာမ၊ ကျောင်‌းသူ၊ ကျောင်‌းသား (၂၀၀)ဦးတက်ရောက်ခဲ့ပြီး လက်ကမ်‌းစာ‌စောင်နှင်‌့ ဗီနိုင်‌းပိုစတာများ ဖြန့်‌ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ တင်ပုလွှဲကျေးရွာသည် ပင်လယ်နှင်‌့နီးစပ်‌‌သော‌ဒေသဖြစ်ပြီး နာဂစ်မုန်တိုင်‌းဒဏ်ခံစားခဲ့ရ‌သော ဒေသဖြစ်သဖြင်‌့ မုန်တိုင်‌း‌ဘေး၊ ဆူနာမီ‌ဘေးများနှင်‌့ ပတ်သက်၍ အသိပညာပြည်သူများ ဗဟုသုတများနှင်‌့  အမြဲပြည်‌့ဝ‌နေရန် လိုအပ် သော‌ဒေသဖြစ်ပါသည်။ ဆက်လက်၍ ကျေးရွာ‌ကော်မတီအဖွဲ့များနှင့်အတူ ဓမင်‌းဆိပ် Shelter နောက်‌‌ကျောဘက်ရှိ သောက်သုံး‌ရေကန်‌ပြင်ဆင်‌‌နေမှုအ‌ခြေအ‌နေအား ကြည်‌့ရှူစစ်‌‌ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#otr
#ayy_nov2018
Source:     ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events