
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၁၁.၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ဟိုပုံးမြို့ အလက နောင်တောင်းကျောင်း၌ သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခြင်း၊ သဘာဝဘေးဆိုင်ရာအသိပညာပေးဗီဒီယိုပြသခြင်း လက်ကမ်းစာစောင်များပေးဝေခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_nov2018
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)