လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ‌​ေဒါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် သြဂုတ်လ (၂၉)ရက်နေ့၊ နံနက် (၁ဝ)နာရီအချိန်တွင် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) အဖွဲ့မှ Assistant Administration for USAID’s Bureau for Democracy, Conflict and Humanitarian Assistance ဖြစ်သူ Ms.Mancy Elizabath Lindberg နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E Derek J.Mitchell ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌ပြန်လည်နေရာချထားရေးဝန်ြကီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ‌​ေဒါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် သြဂုတ်လ (၂၉)ရက်နေ့၊ နံနက် (၁ဝ)နာရီအချိန်တွင် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) အဖွဲ့မှ Assistant Administration for USAID’s Bureau for Democracy, Conflict and Humanitarian Assistance ဖြစ်သူ Ms.Mancy Elizabath Lindberg နှင်‌့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E Derek J.Mitchell ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အဆိုပါ ၀န်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

ယင်းသို့တွေ့ဆုံရာ၌ ၀န်ကြီးဌာန၏လုပ်ငန်းတာ၀န်များ၊ မြန်မာနိုင်ငံတွင် ထိရောက်သော သဘာ၀ဘေးစီမံခန့်ခွဲမှုဆောင်ရွက်နိုင်ရန် ဒုတိယသမ္မတဦးဆောင်သည့် အမျိုးသား သဘာ၀ဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဖွဲ့စည်းဆောင်ရွက်မှု၊ သဘာ၀ဘေးစီမံခန့်ခွဲမှုဆိုင်ရာ တည်မြဲအမိန့်နှင်‌့ ဥပဒေထုတ်ပြန်ထားရှိမှု၊ ကချင်ပြည်နယ်နှင်‌့ ရခိုင်ပြည်နယ်များရှိ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် ကုသမဂ္ဂအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင်‌့ ညှိနှိုင်းဆောင်ရွက်မှုများ၊ အာဆီယံ သဘာ၀ဘေးအရေးပေါ်ကယ်ဆယ်ရေး ရန်ပုံငွေနှင်‌့ အာဆီယံ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းရပ်များဆိုင်ရာ ညှိနှိုင်းရေးဌာနရန်ပုံငွေများထည့်၀င်လျက် အာဆီယံဒေသတွင် သဘာ၀ဘေး တုံ့ပြန်ရေးလုပ်ငန်းများ၌ မြန်မာနိုင်ငံမှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးခဲ့ပါသည်။

UASID ဘက်မှလည်း သဘာဝဘေးလျော့ပါးရေးစေတနာ့၀န်ထမ်းလူငယ်များနှင်‌့ လူမှု စောင်‌့ရှောက်ရေးစေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းတို့ကို တနိုင်ငံလုံး အတိုင်းအတာဖြင်‌့ ဆောင်ရွက်နေမှုအား ဂုဏ်ပြုပါကြောင်း၊ ရှေ့သို့စီမံကိန်းဖြင်‌့ လူမှုစီးပွားဘ၀တိုးတက်ရန် အကောင် အထည်ဖော်ဆောင်ရွက်နေမှုများ၊ သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းဌာနအတွက် ထောက်ပံ့မည့်အစီအစဥ်များ၊ ဘေးအန္တရာယ်ကြောင်‌့ ဆုံးရှုံးမှုလျော့နည်းစေရေး ကြိုတင်ပြင်ဆင်မှုများ၊ ရပ်ရွာ၏ လူမှု စီးပွားဘ၀ပြေလည်စေခြင်းဖြင်‌့ လူမှုရေးပဋိပက္ခများလျော့နည်းစေရေး ဆောင်ရွက်မှုများ၏ အရေးပါမှု များကို ရင်းနှီးပွင်‌့လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဘုန်းဆွေ၊ဒေါ်စုစုလှိုင်၊ညွှန်ကြားရေးမှူးချုပ် များနှင်‌့ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events