စင်္ကာပူနိုင်ငံတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း(၁၀)နှစ်ပြည့်ကာလနှင့် အရှေ့တောင်အာရှဒေသအတွင်း လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများအား ပုံစံသစ်ဖြင့် ပူးပေါင်းဆောင်ရွက်မှု ဆယ်စုနှစ်ညီလာခံသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်၍မိန့်ခွန်းပြောကြားမှုသတင်း

နိုဝင်ဘာလ၊၈ရက် နေပြည်တော်
စင်္ကာပူနိုင်ငံ၊ Hotel Jen Tanglin Singapore တွင်ကျင်းပသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း (၁၀) နှစ်ပြည့်ကာလနှင့် အရှေ့တောင် အာရှဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများအား ပုံစံသစ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုဆယ်စုနှစ်ညီလာခံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ မိန့််ခွန်းပြောကြားခဲ့ပါ သည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသော်လည်း နိုင်ငံအတွက်တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာများရရှိခဲ့ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ အထူးသဖြင့် အာဆီယံနိုင်ငံများ၏ စည်းလုံးညီညွတ်မှုကိုပြသသော AHA Centre (ASEAN Coordinating Centre For Humanitarian Assistance on Disaster Management) ပေါ်ပေါက်လာပြီး ဘေးအန္တရာယ်ကြုံတွေ့ပါက အာဆီယံနိုင်ငံများ ပူးပေါင်းတုံ့ပြန်နိုင်သည့် ASEAN-ERAT (ASEAN- Emergency Response and Assessment Team)ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ယခုအခါ ကမ္ဘာနိုင်ငံများတွင် သဘာဝဘေးသာမက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတို့နှင့်ပတ်သတ်ပြီး ပဋိပက္ခများ၊ ဘေးဒုက္ခများ ကြုံတွေ့နေရကြောင်း၊ ယခု ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော ဘေးဒုက္ခသည် သိမ်မွေ့နက်နဲပြီး သတိကြီးစွာထား၍ ပူးပေါင်း ဖြေရှင်းရမည့်ကိစ္စဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု၏ အကူအညီပေးရေး ပူးပေါင်း ဆောင်ရွက်မှု ပုံစံသစ်ကို ဖော်ဆောင်လျက်ရှိကြောင်း၊ ရခိုင်အရေးနှင့်ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး၊ ပြန်လည်နေရာချ ထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး၊ပြည်ထောင်စုစီမံကိန်း(UEHRD)ကို ဖော်ဆောင်လျက်ရှိကြောင်း၊ UEHRD သည် ပုဂ္ဂလိက၊ အစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ အတူတကွပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဖြစ်စဉ်များတွင် ထိရောက်သောတုံ့ပြန်မှုများကို ပူးပေါင်းဆောင်ရွက်ရန် မှန်ကန်သော နည်းလမ်းများကို ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသူများကို ပြန်လည်လက်ခံရေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်များချမှတ်ထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်နည်းလမ်းများကို ဖော်ထုတ်ထား ရှိပြီးဖြစ်ကြောင်း၊ UNHCR, UNDPအဖွဲ့အစည်းများနှင့်လည်း သဘောတူလက်မှတ်များရေးထိုးပြီးဖြစ်၍ ပူးပေါင်းအကောင်အထည် ဖေါ်ဆောင် ရွက်လျက်ရှိကြောင်း၊ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းများသည် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ စီမံချက်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ UEHRD၏Private, Public, Partnership(P.P.P) လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ အာဆီယံနိုင်ငံအသီးသီး၏ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့်ကဏ္ဍများတွင် ချိတ်ဆက် အကောင်အထည်ဖေါ်ခြင်းဖြင့် ရခိုင်ဒေသတွင် တည်ငြိမ်အေးချမ်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိအောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါညီလာခံသို့ စင်္ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ဆွီဒင်နိုင်ငံသံရုံးနှင့် ဖင်လန်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ နန့်ယန်တက္ကသိုလ်မှ ပါမောက္ခများနှင့် သုတေသနအရာရှိများ၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ကိုယ်စားလှယ် များတက်ရောက်ခဲ့ကြပြီး ညီလာခံကို နိုဝင်ဘာ(၈)ရက်မှ (၉)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဖင်လန်နိုင်ငံသမ္မတဟောင်း H.E. TARJA HALONEN နှင့် စင်္ကာပူနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး H.E. Paula Parviainen တို့က တည်ခင်းဧည့်ခံသော နေ့လည်စာကို စင်္ကာပူနိုင်ငံဆိုင်ရာ ဆွီဒင် သံအမတ်ကြီး Mr. Niclas Kvamstrom၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ စေ့စပ်ညှိနှိုင်းရေးဆိုင်ရာအကြံပေးအဖွဲ့ဝင် Dr. Noeleen Heyzer ၊ဖိတ်ကြားထား သောတာဝန်ရှိသူတို့နှင့်အတူသုံးဆောင်ခဲ့ပါသည်။ ထို့နောက် ညီလာခံတွင် ဆက်လက်ကျင်းပလျက်ရှိသော မျက်မှောက်ခေတ် ရှုပ်ထွေး သောပြဿနာအခြေအနေများနှင့် လူသားချင်း စာနာမှုအကူအညီပေးရေး အတွေ့အကြုံများ ကဏ္ဍဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#Singapore_Nov2018

Sign Up

Upcoming Events