သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု၊ လေးဆိပ်ကျေးရွာမှ ကျေးရွာနေပြည်သူလူထု (၇၀) ဦး၊ ကျောင်းသား/သူ (၅၀) ဦး၊ စုစုပေါင်း လူဦးရေ (၁၂၀) ဦးတို့အား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောခြင်း၊ သဘာဝအသိပညာပေးလက်ကမ်း စာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#ayy_Nov2018

Sign Up

Upcoming Events